လျှပ်စစ်နှင့်စွမ်းအင်ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဋ္ဌ ကိုယ်စား အတွင်းရေးမှူး ဦးစိုးမြင့် (ခ) အောင်ဇော်မြင့် သည် Myanmar Oil and Gas Services Society (MOGSS) မှ ဦးကျော်ကျော်လှိုင် နှင့်အဖွဲ့အား ၂၀၁၆ ခုနှစ် ဇူလိုင်လ ၂၈ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲတွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင်၊ အဆောင်အမှတ် (I-8) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် သဘာဝဓါတ်ငွေ့နှင့် လျှပ်စစ်စွမ်းအင် ထုတ်ယူနိုင်ရေး၊ သဘာဝသယံဇာတ ထုတ်ယူသုံးစွဲမှုဆိုင်ရာ ဥပဒေပေါ်ပေါက်စေရေးနှင့် ရေနံဥပဒေ၏ အားသာချက်၊ အားနည်းချက်များအား ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။
အဆိုပါတွေ့ဆုံဆွေးနွေးပွဲသို့ အတွင်းရေးမှူး နှင့်အတူ ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။
၂၀၁၆ ခုနှစ် ဇူလိုင်လ ၂၈ ရက်
Standard (Image)
