ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင်‌့ IPU အထွေထွေအတွင်းရေးမှူးချုပ် Mr. Martin Chungong အား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင်‌့သည် IPU အထွေထွေ အတွင်းရေးမှူးချုပ် Mr. Martin Chungong အား ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ၊ ပြည်သူ့ လွှတ်တော် ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။ ထိုသို့တွေ့ဆုံ ရာတွင် IPU နှင့် မြန်မာလွှတ်တော်များအကြား ပူးပေါင်းဆောင် ရွက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ လွှတ်တော်ဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ကူညီပံ့ပိုးဆောင်ရွက်ပေးနိုင်ရေးတို့နှင်‌့ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။ အဆိုပါ တွေ့ဆုံပွဲသို့ ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌနှင်‌့အတူ ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်

Standard (Image)