နိုင်ငံတကာဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌ (ကိုယ်စား) အတွင်းရေးမှူး ဦးဘိုဘိုဦး သည် ပြင်သစ်နိုင်ငံ အထက်လွှတ်တော် စီးပွားရေးကော်မရှင် အဖွဲ့ဝင် လွှတ်တော် ကိုယ်စားလှယ် Mr.Jean-Claude Lenoir ဦးဆောင်သော လွှတ်တော် ကိုယ်စားလှယ်များအား ယနေ့ နံနက် ၈ နာရီခွဲတွင် လွှတ်တော်ရေးရာဆောင် အဆောင်အမှတ် (I-5) ၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် ပြင်သစ်အထက်လွှတ်တော် ကိုယ်စားလှယ်အဖွဲ့နှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကဏ္ဍတွင် စွမ်းအင်ကဏ္ဍ၊ စိုက်ပျိုးရေးကဏ္ဍနှင့် နည်းပညာ အခြေခံလူသားအရင်းအမြစ် ဖြစ်ထွန်းရေးတို့ကို အဓိကထား ၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
အဆိုပါတွေ့ဆုံဆွေးနွေးပွဲသို့ နိုင်ငံတကာဆက်ဆံရေးကော်မတီ အဖွဲ့ဝင် များဖြစ်ကြသော ဒေါ်ခင်နှင်းသစ်၊ ဦးနိုင်ထူးအောင်၊ ဒေါက်တာဒေါ်ရွှေပုံ၊ ဦးဦးထွန်းဝင်း၊ ဦးစိုင်းငေါင်းဆိုင်ဟိန်း နှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ ၇ ရက်
