ပြည်သူ့လွှတ်တော်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကျေးလက်လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးရန်လင်း ဓါတ်မြေသြဇာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း အဖွဲ့ခေါင်းဆောင် Grahame Hunter နှင့်အဖွဲ့အား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ကျေးလက်လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးရန်လင်း သည် ဓါတ်မြေသြဇာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း အဖွဲ့ခေါင်းဆောင် Grahame Hunter နှင့်အဖွဲ့အား ယနေ့ မွန်းလွဲ ၂ နာရီအချိန်တွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် အဆောင်အမှတ် (I-10) ၌ လက်ခံတွေ့ဆုံ သည်။

ထိုသို့တွေ့ဆုံရာတွင် စိုက်ပျိုးရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျွမ်းကျင်ပညာရှင်များနှင့် ပူးပေါင်းကာ ဓါတ်မြေသြဇာစီမံခန့်ခွဲမှု မဟာဗျူဟာစီမံကိန်း၊ ဓါတ်မြေသြဇာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် မြေဆီလွှာ ကောင်းမွန်စေရေး ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ ကော်မတီဥက္ကဋ္ဌ ဦးရန်လင်း နှင့်အတူ ကော်မတီအဖွဲ့ဝင် ဗိုလ်မှူးကြီးခင်မောင်ချို လည်း တက်ရောက်ခဲ့သည်။

၂၀၁၇ ခုနှစ်၊ သြဂုတ်လ ၄ ရက်

Standard (Image)