ပြည်သူ့လွှတ်တော်၊ ဘဏ်များနှင့် ငွေကြေးဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်ခင်စန်းလှိုင်သည် MPU မှဥက္ကဋ္ဌ ဦးဆောင်သည့်အဖွဲ့နှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ညွှန်ကြားရေးမှူးချုပ်တို့အား ယနေ့ နေ့လည် ၁၂ နာရီတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ ရေးရာဆောင်အမှတ် (I-7) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် ဗဟိုဘဏ်၏ ပြည်တွင်းငွေရေးကြေးရေးဈေးကွက် ဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်နေမှုများနှင့် MPU ၏ လုပ်ငန်းစဉ်များ၊ ရှေ့အလားအလာများနှင့့််စပ်လျဉ်းပြီး ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
အဆိုပါတွေ့ဆုံပွဲသို့ ကော်မတီအတွင်းရေးမှူး ဦးတင်ထွန်းနိုင်နှင့် ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။
၂၀၁၇ ခုနှစ်၊ ဇူလိုင်လ ၂၁ ရက်
Standard (Image)
