ပြည်သူ့လွှတ်တော် နိုင်ငံတကာဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌ ဦးဇော်သိန်း ကနေဒါအခြေစိုက် Parliamentary Centre မှ ပူးပေါင်းဆောင်ရွက်ရေးနှင့် စီမံကိန်းဖွံ့ဖြိုးတိုးတက်ရေးဌာန ညွှန်ကြားရေးမှူး Mr. Ivo Baitrov ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော်၊  နိုင်ငံတကာဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌ ဦးဇော်သိန်း သည်  Canada Parliamentary Centre မှ ပူးပေါင်းဆောင်ရွက်ရေးနှင့် စီမံကိန်းဖွံ့ဖြိုးတိုးတက်ရေးဌာန ညွှန်ကြားရေးမှူး Mr. Ivo Baitrov  အား ယနေ့ ညနေ ၃  နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ရေးရာဆောင် အဆောင်အမှတ်  (I-5) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတကာဆက်ဆံရေးကော်မတီမှ ကော်မတီအတွင်းရေးမှူး၊ ကော်မတီအဖွဲ့ဝင် များနှင့်အတူ ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ထိုသို့တွေ့ဆုံစဉ် လွှတ်တော်ကော်မတီများအရည်အချင်းမြှင့်တင်ရေးဆိုင်ရာကိစ္စ၊ ကနေဒါပါလီမန်၏ ဘက်ဂျက်စီမံခန့်ခွဲရေးဆိုင်ရာကိစ္စ၊ လွှတ်တော်တွင်ဥပဒေပြုခြင်း၊ မီဒီယာများဆက်ဆံရေးနှင့် နှစ်နိုင်ငံ လွှတ်တော်များအချင်းချင်း ဆက်ဆံရေးကိစ္စရပ်ကို ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြသည်။

၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ  ၁ ရက်

Standard (Image)