ပြည်သူ့လွှတ်တော်၊ ဘဏ်များနှင့် ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီမှ ကော်မတီဝင်များသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ PLS Net Co.Ltd (Payment Logistics Settlement Network Limited) အဖွဲ့အား ယနေ့ နေ့လယ် ၁၂ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ရေးရာဆောင် အဆောင် အမှတ် (I-7) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် ပြည်သူများလက်လှမ်းမီနိုင်သည့်ဘဏ္ဍာရေးစနစ်ပေါ်ပေါက်လာစေရေး၊အထူးသဖြင့် ကျေးလက်နေပြည်သူများ၏ ငွေရေးကြေးရေး ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့်စပ်လျဉ်းပြီး Agent Banking လုပ်ငန်းဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြသည်။
၂၀၁၆ ခုနှစ်၊ သြဂုတ်လ ၂၅ ရက်
Standard (Image)
