ပြည်သူ့လွှတ်တော် တရားစီရင်ရေးနှင့် ဥပဒေရေးရာကော်မတီ ဥက္ကဋ္ဌ ဦးခင်မောင်ဝင်း JICA (Japan International Corporation Agency) မှ Legal Advisor Mr. Kenta KOMATSU ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော်၊ တရားစီရင်ရေးနှင့် ဥပဒေရေးရာကော်မတီ ဥက္ကဋ္ဌ ဦးခင်မောင်ဝင်း သည် JICA (Japan International Corporation Agency) မှ Legal Advisor Mr. Kenta KOMATSU ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့ ညနေ ၃ နာရီ်တွင် နေပြည်တော်ရှိ ပြည်သူ့လွှတ်တော် ရေးရာဆောင်အမှတ် (I-4) အစည်းအဝေးခန်းမတွင် လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံစဉ် ဥပဒေအကြံပေးပုဂ္ဂိုလ်များဖြစ်ကြသော Mr. Kenta KOMATSU နှင့် အဖွဲ့သည် တရားမ နစ်နာမှုဥပဒေ (Tort) နှင့် (State Liability) တာဝန်ရှိသူ၏ မှားယွင်းသော ဆောင်ရွက်မှုကြောင့် နစ်နာသူအား ကုစားပေးရေး ဥပဒေတို့နှင့်စပ်လျဉ်း၍ တရားစီရင်ရေးနှင့် ဥပဒေရေးရာကော်မတီမှ တာဝန်ရှိသူများနှင့် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ ကော်မတီအတွင်းရေးမှူး ဦးအောင်တင်လင်း၊ အဖွဲ့ဝင်များနှင့် ပြည်ထောင်စုလွှတ်တော်၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင် အဖွဲ့ဝင်များဖြစ်ကြသော ဦးကျော်စိန် နှင့် ဦးစန်းလွင် တို့ တက်ရောက်ခဲ့ကြသည်။

၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်

Standard (Image)