ပြည်သူ့လွှတ်တော် လျှပ်စစ်နှင့်စွမ်းအင် ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးကြည်မိုးနိုင် သည် Yangon Transformer and Electrical ကုမ္ပဏီမှ ဦးမောင်သောင်း နှင့် အဖွဲ့အား ၂၀၁၆ ခုနှစ် မေလ ၂၃ ရက်နေ့ ညနေ (၃) နာရီခွဲ အချိန်တွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင်၊ အဆောင်အမှတ် (I-8) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံအတွင်း အရည်အသွေးမြင့်မား၍ စံချိန်စံညွှန်း ကောင်းမွန်သော လျှပ်စစ်ဆိုင်ရာ ကုန်ပစ္စည်းများကို ပြည်သူများသုံးစွဲနိုင်ရေး နှင့် လျှပ်စစ်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များအား အပြန်အလှန် အကြံပြု ဆွေးနွေးခဲ့ကြသည်။
အဆိုပါတွေ့ဆုံဆွေးနွေးပွဲသို့ ပြည်သူ့လွှတ်တော် လျှပ်စစ်နှင့်စွမ်းအင် ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးကြည်မိုးနိုင် နှင့်အတူ ကော်မတီအတွင်းရေးမှူး ဦးစိုးမြင့် (ခ) ဦးအောင်ဇော်မြင့်နှင့် အဖွဲ့ဝင်များ Yangon Transformer and Electrical ကုမ္ပဏီမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
၂၀၁၆ ခုနှစ် မေလ ၂၄ ရက်
