ပြည်သူ့လွှတ်တော်နိုင်ငံတကာဆက်ဆံရေးကော်မတီဥက္ကဋ္ဌဒေါ်စုစုလွင် သည် အိန္ဒိယနိုင်ငံ အထက်လွှတ်တော် ကိုယ်စားလှယ်အဖွဲ့ဖြစ်ကြသည့် Mrs. Viplove Thakur နှင့် အဖွဲ့အား ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလ ၂၅ ရက် နေ့ ညနေ ၃ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက် အအုံ၊ ရေးရာဆောင်အမှတ် (I-1) ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့သည်။
အဆိုပါတွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော်နိုင်ငံတကာဆက်ဆံရေး ကော်မတီဥက္ကဋ္ဌနှင့်အတူ ကော်မတီအတွင်းရေးမှူး ဦးဘိုဘိုဦး၊ ဦးဇော်သိန်း၊ ဦးကံဦး၊ ဦးဦးထွန်းဝင်းနှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
တွေ့ဆုံစဉ် နှစ်နိုင်ငံလွှတ်တော်များကြား ပေါင်းကူးဆက်သွယ်ဆောင်ရွက်သွားနိုင်ရေးနှင့် နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှု တိုးမြှင့်ခိုင်မာရေးအတွက် ဆောင်ရွက်သွားကြရန် ဆွေးနွေးခဲ့ကြသည်။
၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလ ၂၆ ရက်
Standard (Image)
