ပြည်သူ့လွှတ်တော် တောင်သူလယ်သမားနှင့် အလုပ်သမားရေးရာ ကော်မတီဥက္ကဋ္ဌ ဦးစိန်ဝင်းသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံဆိုင်ရာ ဒိန်းမတ်နိုင်ငံသံအမတ်ကြီး Mr. Peter Lysholt Hansen နှင့်အဖွဲ့အား ယနေ့ မွန်းလွဲ ၂ နာရီခွဲ အချိန်တွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ ရေးရာဆောင် အဆောင်အမှတ် (I-6) ရှိ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
အဆိုပါ တွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော် တောင်သူလယ်သမားနှင့် အလုပ်သမားရေးရာ ကော်မတီဥက္ကဋ္ဌနှင့်အတူ အဖွဲ့ဝင်များဖြစ်ကြသော ဦးစောတင်ဝင်း၊ ဒေါက်တာစိုးမိုးသူတို့ တက်ရောက်ခဲ့ကြသည်။
ထိုသို့တွေ့ဆုံစဉ် ဒိန်းမတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံတွင်ရှိသော အလုပ်သမားများ အတွက် ကျန်းမာရေး၊ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးဆိုင်ရာ ကိစ္စရပ်များအတွက် အကူအညီပေးအပ် လိုကြောင်းနှင့် အလုပ်သမားများဘဝကို အထောက်အပံ့ပေးနိုင်သည့် ဥပဒေ၊ နည်းဥပဒေများနှင့် ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
၂၀၁၆ ခုနှစ်၊ မေလ ၁၈ ရက်
