ပြည်သူ့လွှတ်တော်၊ လျှပ်စစ်နှင့်စွမ်းအင် ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးကြည်မိုးနိုင် Sarawak Energy မှ Mr. Nick Wright ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော်၊ လျှပ်စစ်နှင့်စွမ်းအင် ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးကြည်မိုးနိုင် Sarawak Energy မှ Mr. Nick Wright ဦးဆောင်သော အဖွဲ့အား ယနေ့ ညနေ ၃ နာရီ ၁၅ မိနစ်တွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင်၊ အဆောင်အမှတ် (I-8) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံစဉ် Sarawak ပြည်နယ်အနေဖြင့် လျှပ်စစ်စွမ်းအင်ထုတ်လုပ်ရေးဆိုင်ရာ စီမံကိန်းများနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံအစိုးရနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်သွားနိုင်ရေး ကိစ္စရပ်များကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ ကော်မတီအတွင်းရေးမှူး ဦးစိုးမြင့်(ခ)အောင်ဇော်မြင့် နှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက်

Standard (Image)