ပြည်သူ့လွှတ်တော် တိုင်းရင်းသားရေးရာနှင့် ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်မှု ကော်မတီ အတွင်းရေးမှူး ဦးအင်ထုံးခါးနော်ဆမ် တရုတ်နိုင်ငံ၊ ကွမ်ရှီကျွမ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှ တိုင်းရင်းသားရေးရာကော်မတီ ဥက္ကဋ္ဌ ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့အားလက်ခံတွေ့ဆ

ပြည်သူ့လွှတ်တော်၊ တိုင်းရင်းသားရေးရာနှင့် ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်မှု ကော်မတီ အတွင်းရေးမှူး ဦးအင်ထုံးခါးနော်ဆမ်သည် တရုတ်နိုင်ငံ၊ ကွမ်ရှီကျွမ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တိုင်းရင်းသား ရေးရာကော်မတီ ဥက္ကဋ္ဌ   Ms.He Longqun   ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့အား ယနေ့ မွန်းလွဲ ၂ နာရီခွဲတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ရေးရာဆောင် အဆောင်အမှတ် (I-6) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ်  တိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှု အမွေအနှစ်ထိန်းသိမ်းရေး ကိစ္စရပ်များကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ ကော်မတီအတွင်းရေးမှူး နှင့်အတူ ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ ၂၉ ရက်

Standard (Image)