ပြည်ထောင်စုလွှတ်တော်၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ဥရောပသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် H.E. Mr. Stavros Lambrinidis နှင့်အဖွဲ့အား ယနေ့ နေ့လယ် ၁ နာရီခွဲအချိန်တွင် လွှတ်တော်ဝန်း အတွင်းရှိ ရေးရာဆောင်အမှတ် (I-1)၌ လက်ခံတွေ့ဆုံသည်။
အဆိုပါတွေ့ဆုံပွဲသို့ ကော်မရှင်ဥက္ကဋ္ဌသူရဦးရွှေမန်းနှင့်အတူ ကော်မရှင်အဖွဲ့ဝင်များ ဖြစ်ကြသော ဦးဇော်မြင့်ဖေ၊ ဦးမြသိန်း၊ ဦးမြင့်နိုင်၊ ဦးခင်မောင်ဦး နှင့် ကော်မရှင်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြပြီး ဥရောပသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်နှင့်အတူ ဥရောပ သမဂ္ဂသံအမတ်ကြီး H.E. Mr. Roland Kobia တို့ တက်ရောက် ကြသည်။
၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ၂၃ ရက်
Standard (Image)
