ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်သည် ဥရောပသမဂ္ဂ၏ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် Mr. Stavros Lambrinidis ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့ ညနေ ၄ နာရီတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ ပြည်သူ့လွှတ်တော် ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံစဉ် တရားဥပဒေစိုးမိုးရေးနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ပြုပြင် ပြောင်းလဲရေးကဏ္ဍများတွင် ဥရောပသမဂ္ဂ၏ ကူညီပံ့ပိုးမှုများ၊ ရွေးကောက်ပွဲ ဥပဒေ ဆိုင်ရာကိစ္စရပ်များ၊ လူသားချင်း စာနာထောက်ထားမှု ကဏ္ဍတွင် ဥရောပသမဂ္ဂမှ အကူအညီပေးရေး ဆိုင်ရာကိစ္စရပ်များ၊ ဥပဒေများ ရုပ်သိမ်းခြင်း၊ ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း၊ အသစ်ရေး ဆွဲပြဌာန်းခြင်း စသည့် လွှတ်တော်၏ ဥပဒေပြုရေးဆိုင်ရာ ကိစ္စရပ်များ နှင့်ပတ်သက်၍ ရင်းနှီး ပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေး ကြသည်။
အဆိုပါတွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ နှင့်အတူ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးတီခွန်မြတ် နှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြပြီး ဧည့်သည်တော်အဖွဲ့နှင့် အတူ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်ဆိုင်ရာ ဥရောပသမဂ္ဂ သံအမတ်ကြီး H.E. Mr. Roland Kobia လည်း တက်ရောက်သည်။
၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ ၂၂ ရက်
