ပြည်သူ့လွှတ်တော်၊ လွှတ်တော်အခွင့်အရေးကော်မတီ အတွင်းရေးမှူး ဒေါက်တာလှမိုး The Asia Foundation မှ Dr. Renaud Egreteau အား ယနေ့ မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ရေးရာဆောင် အဆောင်အမှတ် (I-4) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် လွှတ်တော်အစည်းအဝေး ကျင်းပခြင်းဆိုင်ရာ လုပ်ငန်းတာဝန်များ၊ လွှတ်တော်အခွင့်အရေး ကော်မတီ၏ ဖွဲ့စည်းပုံ၊ လုပ်ငန်းတာဝန်များနှင့် သတင်းထုတ်ပြန်မှု၊ ပူးပေါင်းဆောင်ရွက်မှုများနှင့် စပ်လျဉ်းပြီး ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
အဆိုပါတွေ့ဆုံပွဲသို့ ကော်မတီအတွင်းရေးမှူး နှင့်အတူ အဖွဲ့ဝင်များဖြစ်ကြသော ဦးသောင်းဌေးလင်း နှင့် ဒေါ်နန်းထွေးသူတို့ တက်ရောက်ခဲ့ကြသည်။
၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ ၂၂ ရက်
Standard (Image)
