ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်သည် ဂျပန်နိုင်ငံ အထက်လွှတ်တော်အမတ်ဟောင်း နှင့် ဂျပန်-မြန်မာအသင်းဥက္ကဋ္ဌဖြစ်သူ Mr. Hideo WATANABE အား ယနေ့ ညနေ ၄ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ၊ ဇမ္ဗူသီရိဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် ဂျပန်-မြန်မာနှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာကိစ္စရပ်များ၊လူသားချင်းစာနာထောက်ထားသည့် အကူအညီများနှင့် လူသား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာကိစ္စရပ်များ၊ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်း ဖလှယ် ဆွေးနွေး ခဲ့ကြသည်။
အဆိုပါတွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့်အတူ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ ဖြစ်ကြသော ဦးနိုင်ထူးအောင်၊ ဦးလမာနော်အောင်၊ ဦးနေလင်းအောင်၊ ဦးကျော်ရွှေ၊ ဦးမြင့်ဦး တို့နှင့် ပြည်သူ့လွှတ်တော်ရုံး တာဝန်ရှိသူများတက်ရောက်ကြ သည်။
၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက်
