ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင်‌့ ဂျာမန်အောက်လွှတ်တော် ဒုတိယဥက္ကဋ္ဌ H.E. Mr. Johannes Singhammer ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင်‌့ သည် ဂျာမန်အောက်လွှတ်တော် ဒုတိယဥက္ကဋ္ဌ H.E. Mr. Johannes Singhammer ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့ ညနေ ၃ နာရီချိန်တွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ၊ ဇမ္ဗူသီရိ ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံစဉ် လွှတ်တော်အချင်းချင်း ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များ၊မြန်မာနိုင်ငံ လွှတ်တော်အနေဖြင့် IPU ၊ AIPA အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင် ရွက်နေမှု များ၊ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာ ကိစ္စရပ်များ၊လွှတ်တော်၏ ဥပဒေပြုရေး ဆိုင်ရာ ကိစ္စရပ်များ၊နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။

အဆိုပါ တွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ နှင်‌့အတူ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များဖြစ်ကြသည့် ဦးကျော်စိုးလင်း၊ဦးစိုင်းသီဟကျော်၊ဒေါက်တာ ဦးစောနိုင်၊ ဦးစောကျော်ဝင်းမောင်၊ ဒေါ်ဖြူဖြူသင်းနှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက်

Standard (Image)