ပြည်သူ့လွှတ်တော်၊ ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဦးတင်မောင်ဝင်း Suu Foundation’s High Level Panel မှ Professor Fred Wegman ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့ ညနေ ၃ နာရီခွဲတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ရေးရာဆောင် အဆောင်အမှတ် (I-9) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံရာတွင် ကော်မတီ ဥက္ကဋ္ဌမှ မြန်မာနိုင်ငံ၏ Road Safety အကောင်အထည် ဖော်နိုင်ရေးအတွက် လက်ရှိအသုံးပြုနေသည့် အရည်အသွေးမြင့် လမ်းများဖြစ်အောင် စံချိန်စံညွှန်းပြည့်မီစေရေးအတွက် လိုအပ်နေမှုများ၊ မော်တော်ယာဉ် အသုံးပြုသွားလာနေသူများ၏ သတိထားဆောင်ရွက်ရမည့် ကိစ္စရပ်များနှင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများအနေဖြင့်လည်း သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်းများနှင့်အညီ လိုက်နာမှုရှိစေရေး ကြပ်မတ်စစ်ဆေး ဆောင်ရွက်သွားနိုင်ရေးများအပြင် လွှတ်တော်မှလည်း Road Safety အကောင်အထည် ဖော်နိုင်ရေးအတွက် လိုအပ်သည့် ကဏ္ဍအလိုက် ဆောင်ရွက်သွားနိုင်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်းပြီး ရှင်းလင်းဆွေးနွေးခဲ့ကြသည်။
၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ ၁၆ ရက်
