ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင်‌့ အမေရိကန်-အာဆီယံ စီးပွားရေးကောင်စီ၊ အမှုဆောင်အရာရှိချုပ် အား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင်‌့ သည် အမေရိကန်-အာဆီယံ စီးပွားရေးကောင်စီ၊ အမှုဆောင်အရာရှိချုပ် မစ္စတာ အလက်ဇန္ဒားဖဲလ်မင်း ဦးဆောင်သော အမေရိကန် စီးပွားရေးကိုယ်စားလှယ်အဖွဲ့အား ယနေ့ နေ့လည် ၂ နာရီအချိန်တွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ၊ ဇမ္ဗူသီရိ ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံနှင်‌့ အမေရိကန်ပြည်ထောင်စုအကြား ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုများ တိုးမြှင်‌့ ဆောင်ရွက်နိုင်ရေး၊ စီးပွားရေးနှင်‌့ ဘဏ်လုပ်ငန်းဆိုင်ရာများ ဖွံ့ဖြိုးတိုးတက်ရေးတို့နှင့် စပ်လျဉ်း၍ လွှတ်တော်၏ ဥပဒေပြုရေးဆိုင်ရာ ကိစ္စရပ်များ၊ မြန်မာ-အမေရိကန် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ နှင်‌့အတူ ပြည်သူ့လွှတ်တော်၊ စီးပွားရေးနှင့် ဘဏ္ဍာရေး ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ အတွင်းရေးမှူး ဦးခင်မောင်စိုး၊ ပြည်သူ့ငွေစာရင်းကော်မတီ အဖွဲ့ဝင် ဦးကျော်တင့်၊ ဘဏ်များနှင်‌့ ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ အဖွဲ့ဝင် ဦးမျိုးဇော်ဦး၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာကော်မတီ အဖွဲ့ဝင် ဦးရည်မွန် (ခ) မောင်တင်သစ်၊ ရင်းနှီးမြှုပ်နှံမှုနှင်‌့ စက်မှုလက်မှု ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ အဖွဲ့ဝင် ဦးသန့်ဇင်ထွန်း နှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ ၁၅ ရက်

Standard (Image)