ပြည်သူ့လွှတ်တော်၊ ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့်ဆောက်လုပ်ရေးဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ ဦးတင်မောင်ဝင်း သည် ICT နယ်ပယ်တွင် အကြီးတန်းမူဝါဒရေးရာကျွမ်းကျင်သူ (Senior ICT Policy Specialist) Mr.Siou Chew Kuek ၊ အကြီးတန်း e-Government ကျွမ်းကျင်သူ Mr.Sebastian Foo နှင့် နည်းပညာဆန်းစစ်ပညာရှင် ဦးအောင်ထွန်းလင်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ၂၀၁၆ ခုနှစ်၊ နိုင်ဝင်ဘာလ ၈ ရက်နေ့ နံနက် (၁၀) နာရီတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ ရေးရာဆောင် အဆောင်အမှတ် (I-9) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် အကြီးတန်း e-Government ကျွမ်းကျင်သူ Mr. Sebastian Foo မှ Digital Myanmar Project Preparation နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြရာ ဦးတင်မောင်ဝင်းမှ မြန်မာနိုင်ငံတွင် e-Government အကောင်အထည်ဖော်ဆောင်ရာတွင် Challenges များဖြစ်သော Leadership, Organization and Capacity Lack of Legislation တို့ကို ဆွေးနွေးမေးမြန်းပါသည်။ ထို့အပြင် National Data Centre နှင့်ပတ်သက်၍ ဆွေးနွေးမေးမြန်းခြင်း၊ e-Government အကောင်အထည် မြန်မြန်ဆန်ဆန် ဖော်ဆောင်ရွက်ရေးအတွက် Budget ခွင့်ပြုရေးအား လွှတ်တော်တွင် ဆွေးနွေးပြီးဖြစ်ကြောင်းနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံဆွေးနွေးပွဲသို့ ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့်ဆောက်လုပ်ရေးဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ ဦးတင်မောင်ဝင်း၊ အတွင်းရေးမှူး ဦးနေဖူးဗဆွေ နှင့် အဖွဲ့ဝင် ဦးသန်းစိုးအောင် တို့ တက်ရောက်ခဲ့ကြသည်။
၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ ၉ ရက်
