ပြည်သူ့လွှတ်တော်၊ နိုင်ငံတကာဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌ ဦးဇော်သိန်း သည် စင်္ကာပူနိုင်ငံ၊ Lee Kuan Yew School of Public Policy (NUS)မှ Mr.Louis Low (The Coordinating Head of Regions Admission) ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့ ညနေ ၃ နာရီခွဲတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ရေးရာဆောင်အမှတ် (I-5) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် Lee Kuan Yew School of Public Policy (NUS) ၌ သင်ကြားပို့ချနေသော သင်တန်းများ၊ သင်တန်းတက်ရောက်ရန် လိုအပ်သော အချက်အလက်များနှင့် ပညာတော်သင်ဆုများ၊ နှစ်နိုင်ငံပညာရေးအားဖြင့် ဆက်သွယ်မှု တိုးမြှင့်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် လီကွမ်ယုကျောင်းတွင် သင်ကြားလျက်ရှိသော မြန်မာနိုင်ငံက ကျောင်းသားများ၏ ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတကာဆက်ဆံရေးကော်မတီ အတွင်းရေးမှူး ဦးဘိုဘိုဦး၊ ကော်မတီအဖွဲ့ဝင်များ နှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ ၂၈ ရက်
