ပြည်သူ့လွှတ်တော် နိုင်ငံတကာဆက်ဆံရေး ကော်မတီ ဥက္ကဋ္ဌ ဦးဇော်သိန်း သည် ရန်ကုန်မြို့ရှိ အမေရိကန်သံရုံးမှ ဒုတိယသံအမတ်ကြီး Ms. Kristrn Bauer ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့ မွန်းလွဲ (၁) နာရီ (၁၅) မိနစ်တွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ရေးရာဆောင် အဆောင်အမှတ် (I-5) ၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံ၏ ဒီမိုကရေစီပြောင်းလဲရေးဖြစ်စဉ်တွင် အမေရိကန်နိုင်ငံက ပိုမိုအားပေးကူညီနိုင်ရေး၊ နှစ်နိုင်ငံ ပိုမိုရင်းနှီးစွာဆက်ဆံရေး၊ လွှတ်တော်အချင်းချင်း အပြန်အလှန် ဆက်ဆံရေးနှင့် အမေရိကန်နိုင်ငံ Peace Corps အဖွဲ့အနေဖြင့် ကူညီဆောင်ရွက်လျက်ရှိသော လုပ်ငန်းစဉ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတကာဆက်ဆံရေးကော်မတီ အတွင်းရေးမှူး ဦးဘိုဘိုဦး၊ အဖွဲ့ဝင်များ ဖြစ်ကြသော ဦးစိုင်းဆိုင်မိုင်း နှင့် ဒေါ်နန်းမိုး၊ ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
၂၀၁၆ ခုနှစ် သြဂုတ်လ ၁၈ ရက်
