ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီ ဥက္ကဋ္ဌ ဦးထွန်းအောင် (ခ) ဦးထွန်းထွန်းဟိန် သည် အမေရိကန် သံအမတ်ကြီး H.E.Mr.Scot Marciel အား ယနေ့ ညနေ (၁၆း၀၀) နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ရေးရာဆောင် အမှတ် (I-2) ၌ လက်ခံတွေ့ဆုံသည်။
ထိုသို့ တွေ့ဆုံရာတွင် ဥပဒေကြမ်းကော်မတီ အဖွဲ့ဝင်များဖြစ်ကြသော ဦးကျော်စိုးလင်း၊ ဦးဉာဏ်လင်း၊ ဦးဝေလှိုင်ထွန်း၊၊ ဗိုလ်မှူးချုပ်မောင်မောင်၊ ဦးစတီဖန် တို့ တက်ရောက်ခဲ့ကြပြီး ဥပဒေကြမ်းကော်မတီ၏ ကဏ္ဍနှင့် လက်ရှိပြဋ္ဌာန်းထားသည့် ဥပဒေဆိုင်ရာ ကိစ္စရပ်များအား ဆွေးနွေးခဲ့ကြသည်။
၂၀၁၆ ခုနှစ်လ သြဂုတ်လ ၁၇ ရက်
Standard (Image)
