ပြည်သူ့လွှတ်တော် နိုင်ငံတကာဆက်ဆံရေး ကော်မတီ ဥက္ကဋ္ဌ ဦးဇော်သိန်း သည် နယူးဇီလန်နိုင်ငံ သံအမတ်ကြီး H.E.Steve Marshall ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့ ညနေ (၃) နာရီတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ ရေးရာဆောင် အဆောင်အမှတ် (I-5) ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံ၏ ဒီမိုကရေစီပြောင်းလဲရေးဖြစ်စဉ်ကို နယူးဇီလန် နိုင်ငံသားများနှင့် နိုင်ငံတော်အစိုးရက ဝမ်းမြောက်ဂုဏ်ယူကြောင်း၊ နယူးဇီလန်နိုင်ငံတွင် လူမျိုးစုများအချင်းချင်း ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ကြပုံ၊ နိုင်ငံရေးပါတီများနှင့် နိုင်ငံတော်အစိုးရ၏ ဖွဲ့စည်းပုံများ၊ မြန်မာနိုင်ငံ တိုးတက်ဖွံ့ဖြိုးရေးနှင့် ပတ်သက်ပြီး နယူးဇီလန်နိုင်ငံက ပေးအပ်နိုင်သည့် အကူအညီများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတကာဆက်ဆံရေး ကော်မတီ အတွင်းရေးမှူး ဦးဘိုဘိုဦး၊ အဖွဲ့ဝင် မိကွန်ချမ်း နှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
၂၀၁၆ ခုနှစ် သြဂုတ်လ ၁၆ ရက်
