ပြည်သူ့လွှတ်တော်၊ နိုင်ငံသားများ၏မူလအခွင့်အရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဦးစောသည် National Democratic Institute မှ ဌာနေကိုယ်စားလှယ် Ms.Ans Zwerver ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ ရေးရာဆောင်အမှတ် (I-5) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံရာတွင် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးဆိုင်ရာကိစ္စရပ်များ၊ ပြည်သူများ၏ တိုင်ကြား စာများနှင့် နိုင်ငံသားများ၏ မူလအခွင့်အရေးများကို ပိုမိုထိရောက်စွာ ဖော်ဆောင်နိုင်ရေး ကိစ္စရပ်များနှင့်စပ်လျဉ်းပြီး ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
အဆိုပါတွေ့ဆုံပွဲသို့ အတွင်းရေးမှူးဦးဝင်းမြင့်အောင်နှင့်အတူ ကော်မတီအဖွဲ့ဝင်များ တက်ရောက် ခဲ့ကြသည်။
၂၀၁၆ခုနှစ်၊ စက်တင်ဘာလ ၂၉ ရက်
Standard (Image)
