ပြည်သူ့လွှတ်တော် ပညာရေးမြှင့်တင်မှုကော်မတီ ဥက္ကဋ္ဌ ဒေါက်တာတင်အောင် သည် ဂျပန်နိုင်ငံရှိ တိုကျိုတက္ကသိုလ်မှ University of Tokyo (UOT) ပါမောက္ခဆရာ ဖြစ်သူ Mr. Saburo Takizawa နှင့် Toyo Eiwa Women’s College (TEWC) တို့မှ ဆရာ/ဆရာမများနှင့် ကျောင်းသား/သူများအား ၂၀၁၆ ခုနှစ် သြဂုတ်လ ၁၅ ရက်နေ့ မွန်းလွဲ (၂) နာရီတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ ရေးရာဆောင် အဆောင်အမှတ် (I-13) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် ဂျပန်-မြန်မာ နှစ်နိုင်ငံကြား ပညားရေးကဏ္ဍ တိုးတက်ပြောင်းလဲနေမှု၊ သင်ယူလေ့လာမှုဆိုင်ရာ ပညာရပ်များနှင့် နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုကို အခြေခံသော တက္ကသိုလ်များ အချင်းချင်း ပူးပေါင်းဆောင်ရွက်ရေး၊ ပညာရပ်ဆိုင်ရာကိစ္စရပ်များ နှီးနှောဖလှယ်သွားရေးများနှင့် စပ်လျဉ်းပြီး အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
အဆိုပါတွေ့ဆုံပွဲသို့ ပညာရေးမြှင့်တင်မှုကော်မတီ ဥက္ကဋ္ဌ နှင့်အတူ ကော်မတီ အတွင်းရေးမှူး၊ အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
၂၀၁၆ ခုနှစ် သြဂုတ်လ ၁၅ ရက်
