ပြည်သူ့လွှတ်တော် လျှပ်စစ်နှင့်စွမ်းအင်ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဋ္ဌ ကိုယ်စား အတွင်းရေးမှူး ဦးစိုးမြင့် (ခ) ဦးအောင်ဇော်မြင့် သည် Marubeni Corporation မှ Mr.Koji Kuroda ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့အား ၂၀၁၆ ခုနှစ် သြဂုတ်လ ၄ ရက်နေ့ မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ ရေးရာဆောင် အဆောင်အမှတ် (I-8) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် Marubeni Corporation အနေဖြင့် မြန်မာနိုင်ငံတွင် အဓိကလိုအပ်လျက်ရှိသော လျှပ်စစ်စွမ်းအင် လုံလောက်စွာ ရရှိစေရေးအတွက် မြေအောက်အပူကို အခြေခံသည့် Geothermal နည်းဖြင့် စွမ်းအင်ထုတ်ယူမှုဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့သည်။
၂၀၁၆ ခုနှစ် သြဂုတ်လ ၄ ရက်
Standard (Image)
