ပြည်သူ့လွှတ်တော် စီးပွားရေးနှင့် ဘဏ္ဍာရေးဖွံ့ဖြိုးတိုးတက်မှုကော်မတီဥက္ကဋ္ဌ ဦးခင်အေး၊ အတွင်းရေးမှူး ဦးခင်မောင်စိုးနှင့် ကော်မတီဝင်များ၊ ပညာရေးမြှင့်တင်မှုကော်မတီ အတွင်းရေးမှူးဦးခမ်ခန့်ထန်နှင့်ကော် မတီဝင်များ၊ကျန်းမာရေးနှင့်အားကစားဖွံ့ဖြိုးတိုးတက်ရေးကော်မတီအတွင်းရေးမှူးဒေါက်တာအောင်ခင်နှင့်ကော် မတီဝင်များသည် Asian Development Bank (ADB) မှ Mr.Christopher Spohr (Principal Social Sector Specialist) ဦးဆောင်သည့် အဖွဲ့အား ယနေ့မွန်းလွဲ ၃ နာရီအချိန်တွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အဦး ရေးရာဆောင်အမှတ် (I-7) အစည်းအဝေး ခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် နိုင်ငံတော်ရဲ့ ဘက်စုံဖွံ့ဖြိုးမှုကိုအခြေပြုသည့် ချေးငွေစီမံကိန်း (၂) ရပ်ဖြစ်သည့် (၁) ပညာရေးကဏ္ဍ မြှင့်တင်နိုင်ရေးအတွက် နည်းပညာနှင့် အသက်မွေးပညာရပ်များဆိုင်ရာ စွမ်းဆောင်ရည် မြင့်မားစေရန်၊ လူငယ်များအလုပ်အကိုင်ရရှိရေး လေ့ကျင့်ပြုစုမွေးထုတ်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်တွင် အသုံးပြုမည့် ဘတ်ဂျက်ဆိုင်ရာ ကိစ္စရပ်များ (၂) မဲခေါင်မြစ်ဝှမ်းဒေသ ကျန်းမာရေး လုံခြုံမှုဆိုင်ရာ စီမံကိန်းကိစ္စရပ်များနှင့် စပ်လျဉ်းပြီး ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
၂၀၁၆ ခုနှစ် သြဂုတ်လ ၃ ရက်
