ပြည်သူ့လွှတ်တော်နိုင်ငံတကာဆက်ဆံရေးကော်မတီဥက္ကဋ္ဌ ရန်ကုန်မြို့ အခြေစိုက်၊ ဗြိတိသျှသံရုံးမှ ပထမအတွင်းဝန် Mr.Wayne Lves အား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော်နိုင်ငံတကာဆက်ဆံရေးကော်မတီဥက္ကဋ္ဌဒေါ်စုစုလွင်သည် ဗြိတိသျှသံရုံးမှ ပထမ အတွင်းဝန် Mr.Wayne Lves  အား ယနေ့ညနေ ၃ နာရီခွဲတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ၊ ရေးရာဆောင်အမှတ် (I-5) ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။       

အဆိုပါတွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော်နိုင်ငံတကာဆက်ဆံရေးကော်မတီဥက္ကဋ္ဌနှင့်အတူ ကော်မတီ အတွင်းရေးမှူး ဦးဘိုဘိုဦး၊ အဖွဲ့ဝင် ဦးဇော်သိန်းတို့တက်ရောက်ကြသည်။

ထိုသို့ တွေ့ဆုံစဉ် နှစ်နိုင်ငံ လွှတ်တော်များအချင်းချင်း ဆက်ဆံရေး ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလ ၂၉ ရက်

 

 

 

Standard (Image)