ပြည်သူ့လွှတ်တော်နိုင်ငံတကာဆက်ဆံရေးကော်မတီဥက္ကဋ္ဌဒေါ်စုစုလွင် သည် မြန်မာနိုင်ငံ ဆိုင်ရာ ရုရှားနိုင်ငံသံအမတ်ကြီး H.E.Mr.Vasily B. Pospelov အား ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ၊ ရေးရာဆောင်အမှတ် (I-5) ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
အဆိုပါတွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော်နိုင်ငံတကာဆက်ဆံရေးကော်မတီဥက္ကဋ္ဌနှင့်အတူ ကော်မတီအတွင်းရေးမှူး ဦးဘိုဘိုဦး၊ အဖွဲ့ဝင် ဦးဇော်သိန်းတို့တက်ရောက်ကြသည်။
တွေ့ဆုံစဉ် နှစ်နိုင်ငံလွှတ်တော်များအချင်းချင်း ပူးပေါင်းဆောင်ရွက်ရေးနှင့် အပြန်အလှန် သွားရောက်လေ့လာရေးကိစ္စရပ်များကို ခင်မင်ရင်းနှီးစွာ ဆွေးနွေးခဲ့ကြသည်။
၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလ ၂၉ ရက်
Standard (Image)
