ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့် UNHCR မှ ဌာနေကိုယ်စားလှယ် Mr. Giuseppe de Vincentiis ဦးဆောင်သောအဖွဲ့အား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်သည် UNHCR မှ ဌာနေကိုယ်စားလှယ် Mr.Giuseppe de Vincentiis ဦးဆောင်သောအဖွဲ့အား ယနေ့ညနေ ၃ နာရီတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ၊ ပြည်သူ့လွှတ်တော်ဧည့်ခန်းမ ၌ လက်ခံတွေ့ဆုံသည်။

အဆိုပါတွေ့ဆုံပွဲ သို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့် အတူ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးတီခွန်မြတ် နှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်သည်။

တွေ့ဆုံစဉ် မြန်မာနိုင်ငံ၌ ဆောင်ရွက်နေသည့် UNHCR ၏ လုပ်ငန်းအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းများနှင့် ပတ်သက်၍ ရင်းနှီးခင်မင်စွာဆွေးနွေးခဲ့ကြသည်။

၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလ ၂၆ ရက်

Standard (Image)