ပြည်သူ့လွှတ်တော်နိုင်ငံတကာဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်စုစုလွင်သည် မြန်မာနိုင်ငံ ဆိုင်ရာ အစ္စရေးနိုင်ငံသံအမတ်ကြီး H.E.Mr. Daniel Zonshine အား ယနေ့ညနေ ၃ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ၊ ရေးရာဆောင်အမှတ် (I-5 )ဧည့်ခန်းမ၌ လက်ခံ တွေ့ဆုံသည်။
အဆိုပါတွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော်နိုင်ငံတကာဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌနှင့် အတူ အတွင်းရေးမှူး ဦးဘိုဘိုဦး၊ အဖွဲ့ဝင်များဖြစ်ကြသော ဒေါ်ပြုံးကေသီနိုင်၊ ဦးဇော်သိန်း တက်ရောက်ခဲ့ကြသည်။
ထိုသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှု ကိစ္စရပ်များနှင့် လွှတ်တော် အချင်းချင်း ချစ်ကြည် ရင်းနှီးမှုကိစ္စရပ်များကို ရင်းနှီးခင်မင်စွာဆွေးနွေးခဲ့ကြသည်။
၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလ ၂၆ရက်
Standard (Image)
