ပြည်သူ့လွှတ်တော် နိုင်ငံတကာဆက်ဆံရေးကော်မတီဥက္ကဋ္ဌ IDEA အဖွဲ့အား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော် နိုင်ငံတကာဆက်ဆံရေးကော်မတီဥက္ကဋ္ဌ ဒေါ်စုစုလွင်သည် International IDEA ၏ စီမံကိန်းခေါင်းဆောင် Mr. Jorge Valladares နှင့် ကနေဒါပါလီမန်စင်တာမှ Mr. Paul Belisle ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့အား ယနေ့ မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ ရေးရာဆောင်အမှတ်(I-1) ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် ပြည်သူ့လွှတ်တော်၊ နိုင်ငံတကာဆက်ဆံရေးကော်မတီဥက္ကဋ္ဌ နှင့် အတူ အတွင်းရေးမှူး ဦးဘိုဘိုဦး၊ ကော်မတီအဖွဲ့ဝင်များဖြစ်ကြသည့် ဦးဇော်သိန်း၊ ဦးနိုင်ထူးအောင်၊ ဦးမျိုးဇော်အောင်၊ ဒေါ်နန်းမိုး နှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

တွေ့ဆုံစဉ် IDEA အဖွဲ့အနေဖြင့် လွှတ်တော်လုပ်ငန်းများဆောင်ရွက်ရာတွင်  ကူညီ ဆောင်ရွက်ပေးသွားမည့် စီမံကိန်းများနှင့် စပ်လျဉ်းပြီး ရှင်းလင်း ဆွေးနွေး ပြောကြားခဲ့မှု အပေါ် ကော်မတီဥက္ကဋ္ဌ ဒေါ်စုစုလွင်မှလည်း လွှတ်တော်လုပ်ငန်းများ အထောက်အကူပြုရေး ဆောင်ရွက် ရာတွင် လိုအပ်ချက်ပိုမိုထိရောက်နိုင်စေရေးအတွက် နည်းပညာနှင့် အတွေ့အကြုံများ အပြန် အလှန်ညှိနှိုင်းဆောင်ရွက်သွားရမည့်ကိစ္စရပ်များကို  ပြန်လည်ရှင်းလင်း ဆွေးနွေး ပြောကြားခဲ့ပြီး လွှတ်တော်မှ လက်ရှိဆောင်ရွက်နေသည့် လုပ်ငန်းတာဝန်များကိုလည်း  အသေးစိတ်ရှင်းလင်း ဆွေးနွေး ပြောကြားခဲ့သည်။

၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလ၂၅ ရက်

Standard (Image)