ပြည်သူ့လွှတ်တော် နိုင်ငံတကာဆက်ဆံရေးကော်မတီဥက္ကဋ္ဌဦးဇော်သိန်းဗန်ကောက်မြို့ အခြေစိုက် ဘယ်လ်ဂျီယံနိုင်ငံသံရုံးမှ သံအမတ်ကြီး HE.Mr. Marc Michieisen အား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော် နိုင်ငံတကာဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌ ဦးဇော်သိန်းသည် ဗန်ကောက်မြို့အခြေစိုက် ဘယ်လ်ဂျီယံနိုင်ငံသံရုံးမှ သံအမတ်ကြီး HE.Mr. Marc Michieisen အား ယနေ့ နံနက် (၁၁း၁၅) နာရီတွင်  နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ ရေးရာဆောင် (I-5)၌ လက်ခံတွေ့ဆုံသည်။     

ထိုသို့တွေ့ဆုံရာတွင် ဘယ်လ်ဂျီယံနိုင်ငံက မြန်မာပြည် ဒီမိုကရေစီပြောင်းလဲရေး ဖြစ်စဉ်ကို ထောက်ခံကြောင်းနှင့် ဥရောပသမဂ္ဂတွင် ဘယ်လ်ဂျီယံနိုင်ငံ လွှတ်တော် များ၏ အခန်းကဏ္ဍ၊ မြန်မာနိုင်ငံတွင် ဂုဏ်ထူးဆောင် ကောင်စစ်ဝန် ထားရှိရေးနှင့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် ဘယ်လ်ဂျီယံနိုင်ငံ ယှဉ်ပြိုင်အရွေးခံမည့် ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ အတွင်းရေးမှူး ဦးဘိုဘိုဦးနှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

၂၀၁၆ ခုနှစ်၊ ဇွန်လ ၂၂ ရက်

Standard (Image)