ပြည်သူ့လွှတ်တော် နိုင်ငံတကာဆက်ဆံရေးကော်မတီဥက္ကဋ္ဌ ဒေါ်စုစုလွင်သည် မြန်မာ နိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး H.E.Mr. Hong Liang အား ယနေ့ နေ့လယ် ၁၁ နာရီခွဲတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ရေးရာဆောင်အမှတ်(I-1) ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် ပြည်သူ့လွှတ်တော်နိုင်ငံတကာဆက်ဆံရေးကော်မတီဥက္ကဋ္ဌနှင့်အတူ ကော်မတီအတွင်းရေးမှူး ဦးဘိုဘိုဦး၊ အဖွဲ့ဝင်များဖြစ်ကြသည့် ဦးဇော်သိန်း၊ ဒေါ်ခင်နှင်းသစ်၊ ဦးဇာနည်မင်း၊ ဦးစိုင်းငေါင်းဆိုင်ဟိန်းနှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက် ခဲ့ကြသည်။
တွေ့ဆုံစဉ် တရုတ်-မြန်မာ နှစ်နိုင်ငံကြား ယခင်ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မာရေးနှင့် မြန်မာနိုင်ငံ၏ နိုင်ငံရေးအသွင်ကူးပြောင်းကာလတွင်လည်း အပြန်အလှန် နားလည်မှုရှိစွာဖြင့် လက်တွဲပူးပေါင်း ဆောင်ရွက်သွားနိုင်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ ရင်းနှီးခင်မင်စွာ ဆွေးနွေးခဲ့ကြသည်။
၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက်
