ပြည်သူ့လွှတ်တော် နိုင်ငံတကာဆက်ဆံရေး ကော်မတီဥက္ကဋ္ဌ ဦးဇော်သိန်းသည် အမေရိကန်နိုင်ငံ ဝါရှင်တန် DC ရှိ သုတေသနဆိုင်ရာ အာဆီယံပရိုဂရမ်နှင့် Woodrow Wilson International Center အဖွဲ့မှ ပြင်သစ် သုတေသီတစ်ဦးဖြစ်သည့် Dr.Renaud Egreteau အား ယနေ့ နံနက် ၈နာရီတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ ရေးရာဆောင် အဆောင်အမှတ် (I-5) ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံသမိုင်းတစ်လျှောက် ပါလီမန်အသီးသီး ထူးခြားချက် ဝိသေသလက္ခဏာ များ၊ မြန်မာနိုင်ငံရေး အထူးပြုလေ့လာသည့် သုတေသီများအကြောင်း၊ အာဆီယံနိုင်ငံများတွင် မြန်မာနိုင်ငံ၏ အရေးပါလာသော အခန်းကဏ္ဍ၊ Dr.Renaud လက်ရှိ ရေးသားပြုစုနေသော ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးတွင် Stake holderများနှင့် လွှတ်တော်များ၏ အခန်းကဏ္ဍနှင့် ကော်မတီ၏ ရှေ့လုပ်ငန်းစဉ်ကိစ္စရပ်များကို ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
အဆိုပါတွေ့ဆုံဆွေးနွေးပွဲသို့ ကော်မတီဥက္ကဋ္ဌနှင့်အတူ လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
၂၀၁၆ ခုနှစ် ဇွန်လ ၁၀ ရက်
