ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့် ဂျပန်နိုင်ငံ အထက်လွှတ်တော်အမတ်နှင့် ဂျပန်-မြန်မာပါလီမန် ချစ်ကြည်ရေး အသင်းဥက္ကဋ္ဌ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့် သည် ဂျပန်နိုင်ငံ အထက်လွှတ်တော်အမတ်နှင့် ဂျပန်-မြန်မာပါလီမန် ချစ်ကြည်ရေး အသင်းဥက္ကဋ္ဌ Mr.Ichiro AISAWA ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့အား ၂၀၁၆ ခုနှစ် ဇူလိုင်လ ၂၉ ရက်နေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ဇမ္ဗူသီရိဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် ဂျပန်-မြန်မာ နှစ်နိုင်ငံ လွှတ်တော်အချင်းချင်း ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကိစ္စရပ်များ၊ ပညာရေး၊ ကျန်းမာရေး ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေးနှင့် အမျိုးသားပြန်လည် စည်းလုံးညီညွတ်ရေးဆိုင်ရာ ကိစ္စရပ်များ၊ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှု တိုးတက်ခိုင်မြဲရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌနှင့်အတူ ပြည်သူ့လွှတ်တော် ကော်မတီဥက္ကဋ္ဌများ ဖြစ်ကြသော ဒေါက်တာတင်အောင်၊ ဦးတင်မောင်ဝင်း၊ ကော်မတီအတွင်းရေးမှူး ဦးခင်မောင်စိုး၊ ကော်မတီ အဖွဲ့ဝင်များဖြစ်ကြသော ဦးသန်းညွန့်၊ ဦးသာအောင်၊ ဒေါ်မိကွန်ချမ်းနှင့် ပြည်သူ့လွှတ်တော်ရုံးမှ  တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး ဂျပန်နိုင်ငံ အထက်လွှတ်တော် အမတ်နှင့် ဂျပန်-မြန်မာပါလီမန် ချစ်ကြည်ရေး အသင်းဥက္ကဋ္ဌ Mr.Ichiro AISAWA ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့်အတူ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဆိုင်ရာ ဂျပန်နိုင်ငံ သံအမတ်ကြီး H.E.Mr. Tateshi HIGUCHI လည်း တက်ရောက်ခဲ့သည်။

၂၀၁၆ ခုနှစ် ဇူလိုင်လ ၂၉ ရက်

Standard (Image)