ပြည်သူ့လွှတ်တော်၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဦးစိုးသူရထွန်း သည် Ms. Faith Doherty ဦးဆောင်သော Environmental Investigation Agency (EIA) အဖွဲ့အား ၂၀၁၆ ခုနှစ် ဇူလိုင်လ ၂၈ ရက်နေ့ မွန်းလွဲ ၃ နာရီခွဲတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ရေးရာဆောင်၊ အဆောင်အမှတ် (I-10) ၌ လက်ခံတွေ့ဆုံခဲ့သည်။
ထိုသို့တွေ့ဆုံရာတွင် တရားမဝင် သစ်တောထွက်ပစ္စည်များ ဈေးကွက်အတွင်း ရောက်ရှိနေခြင်းကို တားမြစ်ရေး၊ အပြည်ပြည်ဆိုင်ရာဈေးကွက်တွင် တရားဝင် ရောင်းဝယ်ဖောက်ကားနိုင်ရေး၊ တရားမဝင် သစ်ခုတ်မှုများကြောင့် သစ်တောပြုန်းတီးမှု ကာကွယ်ရေးနှင့် သစ်တောဥပဒေ၊ နည်းဥပဒေများ ပြင်ဆင်ရေးဆွဲရာတွင် ထည့်သွင်းစဉ်းစားသင့်သည့် အချက်အလက်ဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့သည်။
၂၀၁၆ ခုနှစ် ဇူလိုင်လ ၂၉ ရက်
Standard (Image)
