ပြည်သူ့လွှတ်တော် လျှပ်စစ်နှင့်စွမ်းအင်ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဋ္ဌ ဦးကြည်မိုးနိုင် သည် Ayeyar Hinthar Holdings Co.,Ltd မှ ဦးဝေယံမိုးသုံသန်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ၂၀၁၆ ခုနှစ် ဇူလိုင်လ ၂၇ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ရေးရာဆောင် အဆောင်အမှတ် (I-8) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံတွင် အဓိကလိုအပ်လျက်ရှိသော လျှပ်စစ်စွမ်းအင် အမြန်ဆုံး ရရှိရေးအတွက် ရေးအားလျှပ်စစ် ပိုမိုထုတ်လုပ်နိုင်ရေးနှင့် လျှပ်စစ်စွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးရေးအတွက် ပူးပေါင်းဆောင်ရွက်လိုသည့် အဖွဲ့အစည်းအနေဖြင့် ရင်းနှီးမြှုပ်နှံဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
၂၀၁၆ ခုနှစ် ဇူလိုင်လ ၂၇ ရက်
Standard (Image)
