ပြည်သူ့လွှတ်တော်၊နိုင်ငံတကာဆက်ဆံရေးကော်မတီဥက္ကဋ္ဌဦးဇော်သိန်းသည် ပြည်ထောင် စုသမ္မတမြန်မာနိုင်ငံဆိုင်ရာ အစ္စရေးနိုင်ငံသံရုံးမှ သံအမတ်ကြီး H.E.Mr.Mark Sofer ဦးဆောင်သောအဖွဲ့အား လက်ခံတွေ့ဆုံ

 ပြည်သူ့လွှတ်တော်၊နိုင်ငံတကာဆက်ဆံရေးကော်မတီဥက္ကဋ္ဌဦးဇော်သိန်းသည်ပြည်ထောင် စုသမ္မတမြန်မာနိုင်ငံဆိုင်ရာ အစ္စရေးနိုင်ငံသံရုံးမှ သံအမတ်ကြီး H.E.Mr.Mark Sofer  ဦးဆောင်သော အဖွဲ့အား ယနေ့မွန်းလွဲ(၁၃း၀၀)နာရီတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ ရေးရာဆောင် အဆောင်အမှတ် (I-5) ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

ထိုသို့တွေ့ဆုံရာတွင် အစ္စရေးနိုင်ငံက မြန်မာနိုင်ငံတိုးတက်ဖွံ့ဖြိုးရေးအတွက် နှစ်ဘက်အစိုးရ ပူးပေါင်းဆောင်ရွက်ရေးနှင့် နှစ်နိုင်ငံပါလီမန်များ အပြန်အလှန် သတင်းအချက်အလက် ဖလှယ်ရေးကိစ္စ၊ အစ္စရေးနိုင်ငံမှ မြန်မာပြည်တွင် ရင်းနှီးမြှပ်နှံရေးကိစ္စ၊ ရေအရင်းအမြစ် စွမ်းအင် ထုတ်ယူသုံးစွဲရေးကိစ္စ၊ မြန်မာနိုင်ငံမှပညာတော်သင်များ စေလွှတ်၍ သင်တန်းတက်ရန်ကိစ္စ၊ အထူးသဖြင့် မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးကဏ္ဍတွင် အစ္စရေးက နည်းပညာအကူအညီပေးရေး ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ အတွင်းရေးမှူး ဦးဘိုဘိုဦး၊ အဖွဲ့ဝင်များဖြစ်ကြသော ဒေါ်ပြုံးကေသီနိုင်၊ ဒေါ်ခင်နှင်းသစ်နှင့် ပြည်ုသူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

၂၀၁၆ ခုနှစ်၊ ဇူလိုင်လ ၁၃ ရက်

Standard (Image)