နိုင်ငံတကာဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌ ဦးဇော်သိန်းသည် ဂျပန်နိုင်ငံအခြေစိုက် အာရှဒေသပတ်ဝန်းကျင် ကောင်းမွန်ရေး နည်းပညာပြန့်ပွားမှုအဖွဲ့၏ အမှုဆောင်ဒါရိုက်တာ Mr. Akio Kawakami အား ၂၀၁၆ ခုနှစ်၊ ဇွန်လ ၂ ရက်နေ့ ၊ (၁၄း၀၀) နာရီ အချိန်တွင် လွှတ်တော်ရေးရာဆောင် အဆောင်အမှတ် (I-5) ၌ လက်ခံတွေ့ဆုံသည်။
ထိုသိ့ုတွေ့ဆုံရာတွင် Mr. Akio Kawakami က ဂျပန်-မြန်မာ သက်မွေးပညာသင်တန်းကျောင်း (အောင်ဆန်း) JMVTJ Aung San ကျောင်းစီမံကိန်း ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့် သက်ဆိုင်သော ကိစ္စရပ်များကို ရှင်းလင်းတင်ပြခဲ့ပါသည်။
အဆိုပါတွေ့ဆုံဆွေးနွေးပွဲသို့ နိုင်ငံတကာဆက်ဆံရေးကော်မတီမှ အတွင်းရေးမှူး ဦးဘိုဘိုဦးနှင့်အတူ လွှတ်တော်ရုံးမှ တာဝန်ရှိ သူများတက်ရောက်ခဲ့ကြပါသည်။
၂၀၁၆ ခုနှစ် ဇွန်လ ၂ ရက်
Standard (Image)
