ပြည်သူ့လွှတ်တော် ပညာရေးမြှင့်တင်မှုကော်မတီ ဥက္ကဋ္ဌ ဒေါက်တာတင်အောင်သည် ဂျပန်-မြန်မာ လွှတ်တော်အမတ်များ ချစ်ကြည်ရေးအသင်း ကိုယ်စားလှယ်၊ အာရှဒေသပတ်ဝန်းကျင် ကောင်းမွန်ရေး နည်းပညာပြန့်ပွားမှုအဖွဲ့မှ အမှုဆောင် ဒါရိုက်တာ Akio Kawakami နှင့် အဖွဲ့အား ယနေ့ မွန်းလွဲ ၁ နာရီအချိန်တွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ရေးရာဆောင် အဆောင်အမှတ် (I-13) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် အောင်ဆန်းကျောင်းစီမံကိန်းနှင့် ပတ်သက်သည့် ကိစ္စရပ်များ၊ ပြည်သူ့လွှတ်တော် ဂျပန်-မြန်မာ လွှတ်တော်အမတ်များ ချစ်ကြည်ရေးအသင်း ဖွဲ့စည်းပေးနိုင်ရေးနှင့် ODA Grant စာချုပ်ကို ၂၀၁၆ အတွင်း နှစ်နိုင်ငံ သဘောတူစာချုပ် ချုပ်ဆိုနိုင်ရေးကိစ္စရပ်များနှင့့်် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
အဆိုပါတွေ့ဆုံပွဲသို့ ပညာရေးမြှင့်တင်မှုကော်မတီ ဥက္ကဋ္ဌ ဒေါက်တာတင်အောင်နှင့်အတူ အတွင်းရေးမှူး ဦးခမ်ခန့်ထန်နှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။
၂၀၁၆ ခုနှစ် ဇွန်လ ၂ ရက်
