ပြည်ထောင်စုလွှတ်တော်ဥပဒေရေးရာနှင့်အထူး ကိစ္စရပ်များလေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင် ဥက္ကဋ္ဌသူရဦးရွှေမန်းသည် သက်ဆိုင်ရာတက္ကသိုလ်မှ ပါမောက္ခချုပ်များနှင့် ယနေ့မွန်းလွဲ (၁) နာရီတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ၊ ရေးရာဆောင်အမှတ် (I-1) အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။
အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့်အထူး ကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့်အတူ အဆင့်မြင့်နည်းပညာ တက္ကသိုလ်များ ဦးစီးကော်မတီဥက္ကဋ္ဌ ဒေါက်တာညီလှငယ်၊ အင်ဂျင်နီယာ ပညာရှင်များ ဖြစ်ကြသော ဒေါက်တာဝင်းမြင့်၊ ဒေါက်တာမြင့်ဟန်၊ ဒေါက်တာစိန်မြင့်နှင့် ကော်မရှင် အဖွဲ့ဝင်များ အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော်တို့မှ ကော်မတီဝင်များ၊ လွှတ်တော်ရုံးမှတာဝန်ရှိသူများ တက်ရောက် ကြသည်။
၂၀၁၆ ခုနှစ် ဇွန်လ ၁ ရက်
Standard (Image)
