အမျိုးသားလျှပ်စစ်ဓာတ်အားစီမံကိန်း National Electrification Plan (NEP) အကောင်အထည်ဖော်ဆောင်ရွက်ရန် ကမ္ဘာ့ဘဏ်မှ ချေးယူငွေဖြင့်ထရန်စဖော် မာများဝယ်ယူရေးကိစ္စနှင့်စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကျင်းပခြင်း

ပြည်ထောင်စုလွှတ်တော်၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များလေ့လာ ဆန်းစစ်သုံး သပ်ရေး ကော်မရှင်နှင့် ပြည်သူ့လွှတ်တော်၊ လျှပ်စစ်နှင့်စွမ်းအင်ဖွံ့ဖြိုးတိုးတက်ရေးကော်မတီတို့ ဦးဆောင် ကျင်းပသည့် အမျိုးသားလျှပ်စစ်ဓာတ်အားစီမံကိန်း National Electrification Plan (NEP) အကောင်အထည်ဖော်ဆောင်ရွက်ရန် ကမ္ဘာ့ဘဏ်မှ ချေးယူငွေဖြင့် ထရန်စဖော်မာများ ဝယ်ယူရေးကိစ္စနှင့်စပ်လျဉ်းသည့် ညှိနှိုင်းအစည်း အဝေးကို ၂၀၁၆ ခုနှစ်၊ ဧပြီလ ၆ ရက် ၁၃း၀၀ နာရီအချိန်တွင် လွှတ်တော်ဝင်းအတွင်းရှိ ပြည်သူ့လွှတ်တော် C ဆောင်၊ ဒုတိယထပ် အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပါသည်။

အဆိုပါညှိနှိုင်းအစည်းအဝေးသို့ ပြည်ထောင်စုလွှတ်တော်၊ ဥပဒေရေးရာနှင့်အထူး ကိစ္စရပ်များလေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင် ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ ဒုတိယဥက္ကဋ္ဌ (၁) ဦးကိုကိုနိုင်၊ အတွင်းရေးမှူးနှင့်အဖွဲ့ဝင်များ၊ ပြည်သူ့လွှတ်တော်၊ လျှပ်စစ်နှင့်စွမ်းအင်ဖွံ့ဖြိုး တိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးကြည်မိုးနိုင်၊ အတွင်းရေးမှူးနှင့်အဖွဲ့ဝင်များ၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာန၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် ပညာရေး ဝန်ကြီးဌာနတို့မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များအသင်း၊ U Pe Thein Electrical & Electronic Co.Ltd.၊ Hitachi Soe Electric & Machinery Co,Ltd.၊ Asia General Electric Co,Ltd.၊ Yangon Transformer Co,Ltd.၊ Capital Power Co,Ltd.၊ KTK Electrical Engineering Co,Ltd. နှင့် Rhino Electric တို့မှ ဖိတ်ကြားထားသူများ၊ ပြည်ထောင်စုလွှတ်တော်ရုံးနှင့် ပြည်သူ့လွှတ်တော်ရုံးတို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

၂၀၁၆ ခုနှစ် ဧပြီလ ၆ ရက်

Standard (Image)