ပြည်သူ့လွှတ်တော်၊ လျှပ်စစ်နှင့်စွမ်းအင်ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးကြည်မိုးနိုင် Ayeyar Hinthar Holdings Co.,Ltd မှ ဦးရဲမင်းအောင်နှင့် အဖွဲ့အား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော်၊ လျှပ်စစ်နှင့်စွမ်းအင်ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးကြည်မိုးနိုင် သည် Ayeyar Hinthar Holdings Co.,Ltd မှ ဦးရဲမင်းအောင်နှင့် အဖွဲ့အား ယနေ့ မွန်းလွဲ (၂) နာရီ အချိန်တွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင်၊ အဆောင်အမှတ်(I-8) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် ပြင်သစ်နိုင်ငံနှင့် ဂျပန်နိုင်ငံမှ နည်းပညာများဖြင့် နိုင်ငံ၏သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုမရှိစေဘဲ လျှပ်စစ်ဓါတ်အားထုတ်လုပ်ပြီး ပြည်တွင်းလျှပ်စစ်လိုအပ်ချက် အပြည့်အ၀ ဖြည့်ဆည်းပေးနိုင်ရေး၊ သက်သာသော လျှပ်စစ်ဓါတ်အားခနှုန်းထားများဖြင့် ဖြန့်ဖြူးပေးနိုင်ရေး၊ လျှပ်စစ်စွမ်းအင် သုံးစွဲလျက်ရှိသော စက်မှုလုပ်ငန်းများနှင့် စီးပွားရေးလုပ်ငန်းများ အလျင်အမြန် ဖွံ့ဖြိုးတိုးတက်နိုင်စေရေးတို့နှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။

အဆိုပါတွေ့ဆုံဆွေးနွေးပွဲသို့ ကော်မတီဥက္ကဋ္ဌ ဦးကြည်မိုးနိုင် နှင့်အတူ အတွင်းရေးမှူး ဦးစိုးမြင့် (ခ) အောင်ဇော်မြင့် နှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့သည်။

၂၀၁၆ ခုနှစ် မေလ ၃၁ ရက်

Standard (Image)