ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်သည် အမေရိကန်ကွန်ဂရက်၊ အောက်လွှတ်တော်၊ House Democracy Partnership ဥက္ကဋ္ဌ H.E. Mr.Peter Roskam ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့အား ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ ဇမ္ဗူသီရိ ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။
ထိုသို့ တွေ့ဆုံရာတွင် နှစ်နိုင်ငံ အစိုးရအချင်းချင်း၊ လွှတ်တော်အချင်းချင်း ချစ်ကြည် ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
အဆိုပါတွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌနှင့်အတူ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ ပြည်သူ့လွှတ်တော် လျှပ်စစ်နှင့်စွမ်းအင်ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဋ္ဌ ဦၤးကြည်မိုးနိုင်၊ ပြည်သူ့ရေးရာ စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဒေါက်တာအောင်ထွန်းခိုင်၊ ဘဏ်များနှင့် ငွေကြေးဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးကော်မတီ အတွင်းရေးမှူးဦးတင်ထွန်းနိုင်နှင့်ပြည်သူ့လွှတ်တော် ကော်မတီများမှ အဖွဲ့ဝင်များ၊ ပြည်သူ့လွှတ်တော်ရုံးမှတာဝန်ရှိသူများ တက်ရောက်ကြပြီး ဧည့်သည်တော် အမေရိကန်အောက်လွှတ်တော် House Democracy Partnership ဥက္ကဋ္ဌ H.E. Mr.Peter Roskam ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် အတူ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး H.E. Mr. Scot Marciel လည်းတက်ရောက် ခဲ့ကြသည်။
၂၀၁၆ ခုနှစ် မေလ ၃၁ ရက်
