ပြည်သူ့လွှတ်တော်၊ နိုင်ငံတကာဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌ ဦးဇော်သိန်း(CSIS)ဒုတိယ ညွှန်ကြားရေးမှူး၊အရှေ့တောင်အာရှ လေ့လာရေးဌာန ဥက္ကဋ္ဌ မစ္စတာ မာရေးဟီဘတ် ဦးဆောင်သောအဖွဲ့အား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော်၊ နိုင်ငံတကာဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌ ဦးဇော်သိန်းသည် အမေရိကန် ပြည်ထောင်စု ဝါရှင်တန်အခြေစိုက် မဟာဗျူဟာနှင့်နိုင်ငံတကာလေ့လာရေး အဖွဲ့(CSIS)မှဒုတိယညွှန်ကြားရေးမှူး၊ အရှေ့တောင်အာရှ လေ့လာရေးဌာန ဥက္ကဋ္ဌ မစ္စတာ မာရေးဟီဘတ် ဦးဆောင်သောအဖွဲ့အားယနေ့မွန်းလွဲ(၁၃း၄၅)နာရီတွင်လွှတ်တော်ရေး ရာဆောင်အမှတ်  (I-5) ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့ တွေ့ဆုံရာတွင် CSIS ဖွဲ့စည်းပုံနှင့် ရည်ရွယ်ချက်များ၊ မြန်မာနိုင်ငံ ဒီမိုကရေစီ ပြောင်းလဲရေးဖြစ်စဉ်နှင့် ပတ်သက်ပြီး လွှတ်တော်၏အရေးပါမှု၊ လွှတ်တော်နှစ်ရပ် ချစ်ကြည် ရင်းနှီးမှုခိုင်မာတိုးတက်ရေး၊ မြန်မာနိုင်ငံလွှတ်တော် ကိုယ်စားလှယ်များနှင့် ဝန်ထမ်းများ၏ စွမ်းရည်မြှင့်တင်ရေး ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံဆွေးနွေးပွဲတွင် ကော်မတီဥက္ကဋ္ဌ နှင့်အတူ ကော်မတီအဖွဲ့ဝင်များ ဖြစ်ကြသော ဒေါ်ပြုံးကေသီနိုင်၊ ဦးမျိုးဇော်အောင်၊ ဒေါက်တာဒေါ်ရွှေပုံ၊ မိကွန်ချမ်းနှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

၂၀၁၆ခုနှစ်၊ မေလ ၃၀ ရက်

 

Standard (Image)