ပြည်သူ့လွှတ်တော်၊ နိုင်ငံတကာဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌ ဦးဇော်သိန်းသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံဆိုင်ရာ အီတလီနိုင်ငံ သံအမတ်ကြီး H.E.Mr.Pier Giorgio Aliberti အား ယနေ့ နေ့လယ် (၁၄း၃၀)နာရီ အချိန်တွင် လွှတ်တော်ရေးရာဆောင် အဆောင်အမှတ် (I-5)၌ လက်ခံ တွေ့ဆုံသည်။
ထိုသို့ တွေ့ဆုံရာတွင် လွှတ်တော်တွင် အီတလီနိုင်ငံမှ ကူညီပေးလျက်ရှိသော လွှတ်တော်အရည်အသွေး မြှင့်တင်ရေးကိစ္စရပ်များ၊ မြန်မာနိုင်ငံတွင် ဘောလုံးအားကစား ပြန်လည်မြှင့်တင်ရေးကိစ္စ၊ နှစ်နိုင်ငံ လွှတ်တော်များအချင်းချင်း အပြန်အလှန် ဆက်သွယ်ရေး၊ ချစ်ကြည်ရင်းနှီးမှု တိုးမြှင့်ရေး၊ ပညာရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
ထိုတွေ့ဆုံဆွေးနွေးပွဲသို့ ကော်မတီ ဥက္ကဋ္ဌနှင့်အတူ ကော်မတီအတွင်းရေးမှူး ဦးဘိုဘိုဦးနှင့် လွှတ်တော်ရုံး မှတာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
၂၀၁၆ ခုနှစ် မေလ ၂၆ ရက်
