ပြည်သူ့လွှတ်တော်၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဖွံ့ဖြိုးတိုးတက်မှုကော်မတီ ဥက္ကဋ္ဌ ဦးခင်အေး Asian Devlopment Bank (ADB) မှ Country Director, Mr.Winfried Wicklein ဦးဆောင်သည့်အဖွဲ့အား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော်၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဖွံ့ဖြိုးတိုးတက်မှုကော်မတီ ဥက္ကဋ္ဌ ဦးခင်အေးသည် Asian Devlopment Bank (ADB) မှ Country Director Mr. Winfried Wickiein ဦးဆောင်သည့်အဖွဲ့အား ယနေ့ နေ့လယ် ၂ နာရီခွဲအချိန်တွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ ရေးရာဆောင်အမှတ် (I-7) ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံပွဲတွင် ပြည်သူ့လွှတ်တော် စီးပွားရေးနှင့်ဘဏ္ဍာရေး ဖွံ့ဖြိုးတိုးတက်မှုကော်မတီ အတွင်းရေးမှူး ဦးခင်မောင်စိုး၊ ကော်မတီအဖွဲ့ ဝင်များဖြစ်ကြသော ဦးကျော်မင်းလှိုင်နှင့် ဦးစိုးမြင့်တို့ တက်ရောက်ခဲ့ကြသည်။

ထိုသို့တွေ့ဆုံစဉ် မြန်မာနိုင်ငံအတွင်း ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ အပြန်အလှန် ရင်းနှီးပွင့်လင်းစွာဆွေးနွေးကြသည်။

၂၀၁၆ ခုနှစ် မေလ (၂၅)

Standard (Image)